ကော့မှူး ဩဂုတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများအား ပြသထားကြောင်း တွေ့ရ သည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တိုင်းကျိုးပြည်ပြုမှတ်တမ်း ဓါတ်ပုံများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးသည့် မှတ်တမ်းဓါတ်ပုံများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအကြောင်း သိကောင်းစရာများ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန် နှိုးဆော်ချက်များ နှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ အမေးနှင့်အဖြေများအား ပြသ ဆောင်ရွက်ထားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ရုပ်ရှင်ဂီတနှင့် အနုပညာရှင်များ၏ ကျန်းမာရေးအသိပညာပေး ပိုစတာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက်ထား ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး