အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ကံတင်ဘီးလင်းဆည်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁၂၀၀၀၀) စိုက်ထည့်

အုတ်ဖို ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကံတင်ဘီးလင်းဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁၂၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ထံမှ သိရသည်။

အဆိုပါ ငါးသားပေါက်မျိုးစိုက်ထည့်ရာတွင်  မင်းလှမြို့နယ် ကံတင်ဘီလင်း ဆည်အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ ၆၀၀၀၀ နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၆၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၂၀၀၀၀ စိုက်ထည့်ခဲ့ရာ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းထွန်းနှင့် ဝန်ထမ်းများ၊ မင်းလှမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဖြိုးဝေလင်းနှင့် ဝန်ထမ်းများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာနှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်၍ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)