ကလေး ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကလေးခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အတည်ပြုလူနာများ၏ Contactများအား ဓာတ်ခွဲနမူနာများရယူပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပေးပို့စစ်ဆေးသူ (၁၀) ဦးအနက် (၅) ဦးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ Positive အဖြေထွက်ရှိ ကြောင်းသိရသည်။
အဆိုပါ အတည်ပြုလူနာများမှာ ကလေးမြို့ချမ်းမြေ့အောင်စည်ရပ်ကွက်နေ အသက်(၇၀)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၃၉)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အောင်မင်္ဂလာရပ်ကွက်နေ အသက် (၄၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၃၄) နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အောင်သစ္စာ ရပ်ကွက်နေအသက် (၁၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌား အိမ်ယာ အိတ်စွပ်တို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကူးစက်ခံရသည့်အတည်ပြုလူနာ(၆၂)ဦး ကျန်ရှ ိနေပြီး အဆိုပါ အတည်ပြုလူနာများကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ယာ အိတ်စွပ်ရှိအထူး ကြတ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)