ကံမမြို့ အမှတ်(၂)ရပ်ကွက် ရွှေစေတီလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင် ဆောင်ရွက်

ကံမ ဒီဇင်ဘာ ၂၃

မကွေးတို်ငးဒေသကြီး၊  သရက်ခရိုင်၊    ကံမမြို့    အမှတ်(၂)ရပ်ကွက်   ရွှေစေတီလမ်းအား       မြေသား လမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်  ပြုလုပ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့်    ကော်မတီဝင် များက ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်နေသော ကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင် သာယာရေးအဖွဲ့၏  ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေမှ ငွေကျပ် ၇၄ သိန်း ဖြင့်  လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၃၅၀ နှင့်အနက်ထု ၈ လက်မအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ် စည်ပင် သာယာရေးအဖွဲထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)