ရှမ်းရွာသစ် ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန် ပုံငွေဖြင့် ကွီးလေးကျေးရွာအုပ်စု၊ ကမားထကျေးရွာ အခြေခံပညာ မူလတန်း ကျောင်း၏ ဆရာ/မများနေ ထိုင်ရန်အတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းကို စတင်အကောင်အထည် ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ (၈၂) သိန်းဖြင့် အလျား (၂၀) ပေ၊ အမြင့် (၂၃) ပေရှိ သွပ်မိုး၊ အုတ်ကာ တန်ဖိုးနည်းဝန်ထမ်းအိမ်ယာကို လုပ်ငန်းတာဝန် ရှိသူများတို့က သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းများနှောင့်နှေးကြံ့ကြာမှုမရှိစေရေးတို့ကို အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ပညာရေးကဏ္ဍလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ပေးနေသော ဆရာ/မများ ယခင်ကထက်ပိုမို အဆင်ပြေစွာနေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)