Beer Chang စက်ရုံမှ လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ ငွေကျပ်သိန်း(၅၀)လှူဒါန်း

လှည်းကူး ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါကူးစက်ကာလ လှည်းကူးမြို့နယ်အတွင်းရှိ Quarantine Center များ၌ အနီးကပ် စောင့်ကြည့်ထားရှိသူများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုစေရန် လှည်းကူးမြို့နယ် တံခွန်တိုင်အင်းစိန်ကျေးရွာအုပ်စုအတွင်းရှိ Beer Chang စက်ရုံမှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးရေးကော်မတီသို့ ယမန်နေ့နံနက် (၁၀)နာရီခွဲက ငွေကျပ်သိန်း(၅၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် တံခွန်တိုင်အင်းစိန်ကျေးရွာအုပ်စုအတွင်းရှိ Beer Chang စက်ရုံမှ Quarantine ဝင်ရောက်နေသူများ စားဝတ်နေရေး အခက်အခဲမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုစေရန် ငွေကျပ်သိန်း(၅၀) လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီအဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် Quarantine Center(၂)ခု၊ မြို့နယ်အစီ အစဉ်ဖြင့် Quarantine Center (၃)ခု၊ စုစုပေါင်း Quarantine Center (၅)ခုတို့တွင် ပြည်တွင်း ပြည်ပမှ အနီးကပ်စောင့်ကြည့်ထားရှိသူများ၏ စားဝတ်နေရေး အခက်အခဲမရှိ အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး အထောက်အကူပစ္စည်းများအား လှူဒါန်းရာတွင် အဆင်ပြေစေရန် လှည်းကူး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီအားဖွဲ့စည်း၍ မြို့နယ်အတွင်း အလှူခံခဲ့ရာ အလှူရှင်အသီးသီးတို့မှ မိမိတို့တတ်နိုင်သည့် ငွေကြေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ စသည်တို့ကိုလည်း လှူဒါန်းခဲ့ကြောင်း၊ အလှူရှင်များ အနေဖြင့် ပြည်တွင်း ပြည်ပမှ အနီးကပ်စောင့် ကြည့်ထားရှိသူများအတွက် ဆက်သွယ်လှူဒါန်းလိုပါက ဖုန်း ၀၉၄၃၀၄၇၅၄၅၊ ၀၉၂၅၀၈၈၇၇၈၅၊ ၀၉၇၉၅၄၉၆၀၁၂၊ ၀၉၄၂၁၀၂၀၆၈၀၊ ၀၉၅၁၁၂၆၄၁ ဖုန်းနံပါတ် တို့အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ယခုအခါ လှည်းကူးမြို့နယ်အတွင်းရှိ Quarantine Center များ၌ အနီးကပ် စောင့်ကြည့်ထားရှိသူများ၏ စားဝတ်နေရေးကို တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးမှုနှင့် မြို့နယ်အတွင်းမှ အလှူရှင်များ၏ လှူဒါန်းရရှိမှုတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)