အထက်မင်းလှ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်လမ်းနှင့်စက်မှုမေတ္တာလမ်းဆုံရှိ အများသုံး သောက်သုံး ရေတွင်းအတွင်း၌ ယနေ့နံနက်(၇)နာရီ(၂၀)မိနစ်က အမျိုးသားတစ်ဦး မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အတူပြုတ်ကျသေဆုံးနေကြောင်းသိရသည်။
အဆိုပါရေတွင်းထဲပြုတ်ကျသေဆုံးနေကြောင်းကြားသိရသဖြင့် မင်းလှမြို့မစခန်းမှူး ဒုရဲမှူး မင်းအောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ပြည့်ဖြိုးကျာ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စိုးလင်းနှင့် တပ်ဖွဲ့ဝင်များသည် ရေတွင်းထဲပြုတ်ကျ၍ သေဆုံးသူ အမည်မသိ အမျိုးသားတစ်ဦး နဖူးပေါက်ပြဲဒဏ်ရာ၊ ယာမျက်စိဘေးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းရိုးချိုင့်ဝင်ကျိုးကြေဒဏ်ရာများနှင့်အတူ Honda-125 အပြာရောင် မော်တော်ဆိုင်ကယ်တို့အား ဆယ်ယူခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့မစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)