Y.M.B.A အသင်းချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများကို ထပ်ဆင့် ဂုဏ်ပြု

သာကေတ ဒီဇင်ဘာ ၂၃

နှစ်(၁၀၀)ပြည့် အမျိုးသားနေ့တွင် Y.M.B.A အသင်းချုပ်ကြီးမှ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ရာ သာကေတမြို့နယ်၊ Y.M.B.A အသင်းခွဲအမှတ် (၂)မှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ (၂)ဦးအား ယမန်နေ့ မွန်းလွဲ(၃)နာရီက သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မြင်တော်သာ လမ်းမရှိ ရွှေယမင်းမင်္ဂလာခန်းမတွင် ကျန်းမာရေး လမ်းညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ရာ Y.M.B.A အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိန်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ဒေါက်တာအောင်ကိုဦးနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ဦးသန်းဝင်းတို့အား သာကေတမြို့နယ်၊ Y.M.B.A အသင်းနာယက ဦးအောင်မင်း၊ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အတွင်းရေးမှူး ဒေါ်အေးအေးနု တို့က ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ကိုဘုန်း(ပြန်ဆက်)