ကော့ကရိတ် ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင် ဦးစီးမှူးရုံးသစ်ကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ရုံးသစ်ဖွင့်ပွဲတွင် ဆရာတော်ကြီးများက ဘေးအန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ကြ ပြီး ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးလင်းထွဋ်နှင့်အဖွဲ့တို့မှ ရုံးဆိုင်းပုဒ်နှင့် အဆောက်အဦးအား အမွှေးနံ့ သာများဖြင့် ပက်ဖြန်းခဲ့သည်။ အဆိုပါ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ခရိုင်ဦးစီးရုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။
အဆောက်အဦမှာ RCC နှစ်ထပ် (၆၀×၄၀×၂၈) ရှိပြီး ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေကျပ် (၁၂၈.၇၀၀) သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံထံမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)