မကွေး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Quarantine Center များသို့ ရောက်ရှိနေသော ပြည်သူများအတွက် ကိုးရီးယားနိုင်ငံမှ လှုဒါန်းသည့် ဆန်အိတ် (၂၅၀၀) တန်ချိန် (၁၀ဝ) အား ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်၍ တိုင်းဒေသကြီးမြို့နယ်အသီးသီးက Quarantine Center များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ကိုးရီးယားသမ္မတနိုင်ငံက Pre - Positioned အဖြစ်လှုတဲ့ ဆန်အိတ်(၂၅၀၀) တန်ချိန်(၁၀ဝ) ကို မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်က Quarantine Center တွေကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ ဖြန့်ဖြူးပေး ခဲ့တာပါ၊ လှူဒါန်းတဲ့ ဆန်အိတ်တွေကိုတော့ တိုင်းဒေသကြီးက မြို့နယ် အသီးသီး ကို ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ဖြန့်ဖြူးပေးခဲ့တာဖြစ်ပါတယ်၊ ဒီနေ့အထိ မြို့နယ်(၆)မြို့နယ်ကို ဖြန့်ဖြူးပေးပြီး ဖြစ်ပါတယ်၊ ကျန်ရှိတဲ့မြို့နယ်တွေကိုလည်း ဆက်လက ်ဖြန့်ဖြူး ပေးနေပါတယ်ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးစိုးသိန်းက ပြောသည်။
တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အရ မကွေး ၊ မင်းဘူး ၊ အောင်လံ ၊ ပခုက္ကူ နှင့် ဂန့်ဂေါမြို့နယ် များအတွက် အိတ်(၁၂၀)စီ၊ တောင် တွင်း နှင့် မြို့သစ်မြို့နယ်များအတွက် အိတ် (၁၀၀)စီ ၊ နတ်မောက် ၊ ပွင့်ဖြူ ၊ စလင်း ၊ သရက် ၊ မင်းလှ ၊ဆင်ပေါင်ဝဲ ၊ ရေစကြို ၊ မြိုင် ၊ ပေါက် နှင့် ဆိပ်ဖြူမြို့နယ်များအတွက် အိတ်(၈၀)စီ ၊ ငဖဲ၊ စေတုတ္တရာ ၊ ကံမ ၊ မင်းတုန်း ၊ ထီးလင်း နှင့် ဆော မြို့နယ်များအတွက် အိတ်(၄၀)စီ လတ်တလော ဖြန့်ဝေသွားမည်ဟု သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဖွင့်လှစ် ထားတဲ့ Quarantine Center အရေအတွက်(၅၀၀)ကျော်လောက်ရှိပြီး အသွားအလာ ကန့်သတ် ထားသူ (၃၀၀၀) ကျော်လောက် ရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်မာရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းထံက သိရသည်။
ကိုးရီးယားနိူင်ငံမှ မြန်မာနိူင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေရသော ပြည်သူများ အတွက် ဆန်တန်ချိန်(၆၀၀)ပေးပို့ လှုဒါန်းခဲ့တာဖြစ်ပြီး၊ ပေးပို့လှုဒါန်းသော ဆန်များကို ကချင် ပြည်နယ် အတွက်(၄၈)တန်၊ ကယားပြည်နယ်အတွက်(၁၀)တန်၊ ကရင်ပြည်နယ်အတွက် (၅၃)တန်၊ ချင်းပြည်နယ် အတွက်(၈)တန်၊ မွန်ပြည်နယ်အတွက် (၇၃)တန်၊ ရှမ်းပြည်နယ်အတွက် (၅၄)တန်၊ စစ်ကိုင်း တိုင်းဒေသ ကြီးအတွက်(၈၄)တန်၊ မကွေးတိုင်း ဒေသကြီးအတွက်(၁၀၀)တန်၊ ဧရာဝတီတိုင်းဒေသကြီး အတွက် (၁၄၆)တန်နှင့် တနင်္သာရီတိုင်း အတွက်(၂၄)တန်၊ စုစုပေါင်းဆန်တန်ချိန်(၆၀၀)အား ဖြန့်ဖြူး ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)