မကွေး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာသစ် (၈၄)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၃၁၀)ဦး ရှိပြီဖြစ်ကြောင်း တိုင်းဒေသသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ရှိမှုက ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ခုရက်ပိုင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေဆဲပါ၊ ဒီကနေ့မှာ ထပ်တိုးတွေရှိခဲ့ တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုဖြင့် ပိုးတွေ့အတည်ပြုလူနာ (၈၄)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့ရှိတဲ့မြို့နယ်တွေက အောင်လံက(၃၀)ဦး၊ မကွေး က(၁၄)ဦး၊စလင်း(၇)ဦး၊ပခုက္ကူက(၆)ဦး၊မြိုင်၊စေတုတ္တရာနဲ့ ချောက်က(၄)ဦးစီ၊ ပွင့်ဖြူနဲ့ ကံမက(၃)ဦးစီ၊ တောင်တွင်းကြီးနဲ့ မြို့သစ်က(၂)ဦးစီ၊ ရေစကြို၊ ဂန့်ဂေါ၊ ရေနံချောင်း၊ ဆိပ်ဖြူနဲ့ နတ်မောက်က(၁)ဦးစီ တို့ဖြစ်ပါတယ်၊ပိုးတွေ့လူနာတွေထဲက အောင်လံက(၂၈)ဦး၊ စလင်း(၅)ဦး၊ စေတုတ္တရာ(၃)ဦး၊ ပွင့်ဖြူ(၂) ဦးနဲ့ မကွေးက(၁၀)ဦးတို့က ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသောကြောင့် အသွားအလာ ကန့်သတ်ထားသူတွေပါ၊ မကွေး(၁)ဦး၊ စလင်း(၂)ဦးနဲ့ အောင်လံ(၂)ဦးတို့က အနံ့ပျောက် လက္ခဏာ ပြသူတွေဖြစ်ပြီး၊ မကွေးက(၂)ဦးနဲ့ ရေနံချောင်း(၁)ဦးတို့က ယာဉ်မောင်း/ယာဉ်နောက်တွေနဲ့ ကျန်သူ တွေက ရန်ကုန်ပြန်၊မန္တလေးပြန်(Quarantine Centre)တွေကဖြစ်ပါတယ်၊ ဒီကနေ့ ညနေပိုင်း အချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၂၃၁၀) ဦးရှိပြီး သေဆုံးသူကတော့(၅)ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။
သန်းနိုင်ဦး(ငဖဲ)