မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး

မင်းဘူး  ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ကာလရောဂါ ထိန်းချုပ်ရေး ကာလ အတွင်း ပင်စင်များ ထုတ်ယူရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့မနက် ၇ နာရီမှစတင်ကာ ပင်စင်များကို ထုတ်ပေးလျက်ရှိကြောင်း မင်းဘူးမြို့ မြန်မာ့ စီးပွားရေး ဘဏ်မှ သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင် လာရာက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် စနစ်တကျ ရှိစေရန် သုံးပေအကွာ စည်းများဆွဲကာ ထိုင်ခုံများဖြင့် နေရာချထားပေးခြင်း၊ လက်ဆေး ဘေစင်များဖြင့် စနစ်တကျ လက်ဆေးစေခြင်း၊ mark များတပ်ဆင်ပြီး စနစ်တကျ ထုတ်ယူခွင့် ပြုထားပေသည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်  မင်းဘူးမြိ့နယ်အတွင်းရှိ မြို့နယ် ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား မနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေး လျက်ရှိသည်။ ထို့အပြင် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်း မရှိသော ပင်စင်များအား ဒီဇင်ဘာ လဆန်းရက် ဘဏ်ရုံးချိန်အတွင်း လာရောက်ထုတ်ယူလို့ရကြောင်း မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်အေးအေးကြိုင်ထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)