ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ( ၅ ) ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

ဂန့်ဂေါ ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ် ဆောင်၌ ဆေးကုသမှုခံယူနေကြသည့်  ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေး ကောင်းမွန်၍ ယမန်နေ့ မွန်းလွဲ(၁၂)နာရီကျော်က ဆင်းရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

“ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေတဲ့ လူနာ(၅)ဦးဟာ ရောဂါများ သက်သာ ပျောက်ကင်းတဲ့အတွက် ဆင်းခွင့်ပြုလိုက်တာပါ၊ သူတို့ကို ဒီဇင်ဘာ ၁၁ ရက်နေ့က RDT စက်ဖြင့်စစ်ဆေးတွေ့ရှိတာပါ၊ (ID:105561) (ID:105562) (ID:106439) (ID:106440) နှင့် (ID:106441)တို့ဖြစ်ပါတယ်၊ သူတို့ကို အိမ်မှာ (၇) ရက် အသွားအလာ ကန့်သတ်ထားရှိပြီး နေထိုင်သွားဖို့ကို မှာကြားခဲ့ တယ်”ဟု ဂန်ဂေါခရိုင် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ ဒီဇင်ဘာ၂၂ရက်အထိ(၄၀)ဦး၊ ရောဂါပျောက်ကင်း ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၂)ဦး၊ ဂန့်ဂေါဆေးရုံတွင်ဆေးကုသမှုခံယူနေသူ(၁၂)ဦးနှင့် မင်းရွာ တိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၆)ဦးရှိကြောင်း ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။


ထင်အောင်နိုင် (ဂန့်ဂေါ)