လှိုင်းဘွဲ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေ (၉,၈၈၈,၀၀၀) ကျပ်ဖြင့် ရင်းဘိုင်းကျေးရွာအုပ်စု ထီးပနားကျေးရွာ ကွန်ကရစ် တံတား Stone Pitching Slab Culvert (အလျား ၁၅ပေ x အနံ ၁၂ပေ x အမြင့် ၉ပေ) လုပ်ငန်းကို ယမန်နေ့က အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်တံတားကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး စောသိန်းကျော်စိုး၊ လူထု စည်းရုံးရေးမှူး ခွန်တင့်နိုင်ထွန်းတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီး သွားပါက ထီးပနားကျေးရွာမှ အိမ်ထောင်စု (၃၅) စု လူဦးရေ (၂၃၈)ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)