ကျောက်ထု ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြန်မာ့စီးပွါးရေးဘဏ်ခွဲက ဒီဇင်ဘာ ၂၁ ရက်မှနံနက် (၉) နာရီခွဲ မှ စတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်လစာများ ထုတ်ပေးရာတွင် ဘဏ်ရုံးအဝင်၌ လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဘဏ်ရုံးတွင်းသို့ဝင်ရောက် စေခြင်း၊ ငွေထုတ်ပေးရာတွင် တစ်ဦးနှင့် တစ်ဦး (၆) ပေကွာစီစဉ်ထားရှိပေးခြင်းများ ဆောင်ရွက်ထားရှိသည်။
ကျောက်ထုမြို့ မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ရုံးသို့ ပင်စင်လစာလာရောက်ထုတ်ယူ ကြသော အငြိမ်းစား ဝန်ထမ်း စုစုပေါင်း(၂၄၀) ဦးကျော်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ(၃)နာရီအထိ ပင်စင်လစာများ ထုတ်ပေးလျက် ရှိကြောင်း သိရှိရသည်။
မောဟေမာန်(ပြန်/ဆက်)