မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

နတ်မောက်  ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့  မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင်ပွင်းလင်းရာသီ ရောက်ရှိ လာပြီဖြစ်၍ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိစေရေးအတွက်မီးငြိှမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များ၊ လျှပ်စစ်မီး သုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျကိုင်တွယ်အသုံးပြုနည်းများ၊ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူး အသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များ  မီးလောင် မှုဖြစ်ပါက မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ  သတင်း ပေးပို့သွားရန် စသည့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးဌေးမော်က ဆွေးနွေးပြောကြားခဲ့ပြီး မီးငြိှမ်းသတ်နည်း သရုပ်ပြ ခြင်းအတွက် မြို့နယ်မီးသတ်‌ ရေယာဉ် (၂)စီးဖြင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးမော်နှင့် မီးတပ်ဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးထိန်လင်းနှင့် ဝန်ထမ်းများ  လက်တွေ့မီးငြှိမ်းနည်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းဝေ (နတ်မောက်)