စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအဘိတ်ဆေး‌ခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

စမ်းချောင်း ဩဂုတ် ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်အတွင်းတွင် ယမန်နေ့၊ နံနက်(၉)နာရီအချိန်က မိုးရာသီတွင် အများဆုံးဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်နိုင် ရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ကျန်းမာမှ ဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အဘိတ်ဆေး‌ခတ်ခြင်း ဆောင်ရွက်ရာတွင် နေအိမ်များအတွင်းရှိ ရေစည်၊ ရေအိုးများ၊ ပန်းအိုး များနှင့် တာယာ အဟောင်းများစသည့် ရေတင်ကျန်နိုင်သော နေရာများအား အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်းတုပ်ကွေးရောဂါ၏ အလက္ခဏာများနှင့် ပတ်သက်သည့်‌အကြောင်းအရာများကို ပြည်သူများ အား ရှင်းလင်းပြောကြား အသိပညာပေးခဲ့ကြောင်း သိရသည်။

ထူးထက်(ပြန်/ဆက်)