တမူး ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်ဘူးများကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန် က လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှူဒါန်းရာတွင် တမူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဖြိုးကျော်နှင့် ဝန်ထမ်းများက တမူးမြို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပစ္စည်းဖြန့်ဝေရေးနှင့် လက်ခံရေးကော်မတီသို့ လက်သန့်ဆေးရည် (၁၀၀) ဘူး၊ ပြည်သူ့ဆေးရုံသို့ (၃၀) ဘူး၊ နယ်စပ် လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centreသို့ (၃၀)ဘူး၊ ပြည်သူ့အငှားအိမ်ရာ Quarantine Centre သို့ (၃၀) ဘူး စုစုပေါင်းလက်သန့်ဆေးရည် (၁၉၀) ဘူးတို့အား လှူဒါန်း ခဲ့ရာ တမူးမြို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပစ္စည်းဖြန့်ဝေရေးနှင့် လက်ခံရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)