စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ကွင်း စံကွက်ရိတ်သိမ်း

စစ်ကိုင်း ဒီဇင်ဘာ ၂၃

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် သက်ဆိုင်ရာနည်းပညာပြန့်ပွားရေးစင်တာ များမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ကုန်းကျေးရွာ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းမျိုးစပါးမျိုးစေ့ထုတ်ကွက်အား ကွင်းအမှတ် (၈၃၈/a) ဦးပိုင် အမှတ် (၁၀) တောင်သူဦးဇော်ထိုက်၊ ဦးပိုင်အမှတ် (၆၆) တောင်သူဦးတင်မောင်၊ ကွင်းအမှတ် (၈၃၆/၁၆၀၀) ဦးပိုင်အမှတ်(၂၈၇) တောင်သူ ဦးဖိုးဆင့်နှင့် ကွင်းအမှတ်(၈၃၅) ဦးပိုင်အမှတ်(၄၅) တောင်သူ ဦးမွေးသိန်းတို့၏ စိုက်ကွင်းများကို (၆.၆)ပေ စံကွက်ရိတ်သိမ်း ခဲ့ကြကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာတွင် တောင်သူဦးဇော်ထိုက်စံကွက်တွင် တစ်ဧကအထွက်နှုန်း(၈၉.၈၁)တင်း၊ တောင်သူဦးတင်မောင် စိုက်ကွင်းတွင် (၇၈.၁၀) တင်း၊ တောင်သူဦးဖိုးဆင့် စိုက်ကွင်းတွင် (၈၅.၉၁) တင်း၊ တောင်သူ ဦးမွေသိန်း စိုက်ကွင်းတွင်(၈၀.၀၅)တင်း အသီးသီးထွက်ရှိခဲ့ကြပြီး ပုံမှန် ထွက်နှုန်းများ ဖြစ်ကြောင်း၊ ရိတ်သိမ်းရာတွင် အလေအလွင့်မရှိစေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် တောင်သူများအား မျိုးကောင်း၊ မျိုးသန့် ပြန်လည်ဖြန့်ဖြူးနိုင်စေရန်အတွက် မျိုးစေ့သိုလှောင် ထိန်းသိမ်းနည်းများကို ရှင်းလင်းဆွေးနွေး ပေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနရုံးမှ သိရသည်။

ဇော်မြင့်နိုင်