မရမ်းကုန်းမြို့နယ် အင်းယားကန်ဘောင်နှင့် ဂန္ဓမာလမ်းတစ်လျှောက် Stay at home ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် ဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မရမ်းကုန်း ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မရမ်းကုန်းမြို့နယ် အင်းယားကန်ဘောင်နှင့် ဂန္ဓမာလမ်းတစ်လျှောက် Stay at home ကာလအတွင်း လူစုလူဝေးမဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယမန်နေ့ ည ၇ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ် နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပြီး လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကန့်သတ် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ယာဉ်စစ်ဆေးမှုအခြေအနေများနှင့် ညမထွက်ရအမိန့် ဆောင်ရွက်မှုအခြေ အနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)