ကျောက်တံတားမြို့နယ်တွင် "ကိုဗစ်-၁၉ရောဂါ ကာကွယ်ဖို့ တို့တွေအားလုံးလိုက်နာစို့" ပိုစတာ ဗီနိုင်းများ စိုက်ထူ

ကျောက်တံတား ဒီဇင်ဘာ ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး နိုင်စေရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ သိရှိ ပြန့်ပွားစေရန် ရည်ရွယ်၍ "ကိုဗစ်-၁၉ရောဂါ ကာကွယ်ဖို့ တို့တွေအားလုံးလိုက်နာစို့"  ပိုစတာဗီနိုင်းအား ယမန်နေ့ကမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တပ်ဆင်စိုက်ထူ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုစတာဗီနိုင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် Water Aid Myanmar တို့ ပူးပေါင်း၍ မဟာဗန္ဓုလပန်းခြံထောင့်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းရှေ့၊ အေနာ်ရထာလမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့်ကားမှတ်တိုင်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း၄၀ထောင့်နှင့် ပန်းဆိုးတန်းလူကူး တံတား(အောက်) ကမ်းနားလမ်းထောင့်တို့တွင် စိုက်ထူပေးခဲ့ကြောင်းသိရသည်။

မြနှင်း(ပြန်/ဆက်)