ကော့မှူး ဒီဇင်ဘာ ၂၃
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီက လူစည်းကားရာနေရာ များဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး ပေါ်တွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲသွားလာ နေသူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းသိရသည်။
ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စည်ပင်သာ ယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်းမတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက နှာခေါင်းစည်း (Mask) အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးမှု များဆောင်ရွက်နေကြောင်း သိရသည်။
ကော့မှူးမြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်း ရရှိစေရန်နေ့ စဉ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက် နေကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)