ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၂၃

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ လျှပ်စစ်မီးကြိုးများပေါ်သို့ ညွတ်ကျသွယ်တန်းနေသော သစ်ပင်သစ်ကိုင်းများ၊နွယ်ပင်များ ရှင်းလင်းခြင်းလုပ်ငန်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်စည်ပင်သာရေး ပန်းဥယျာဉ်အဖွဲ့မှ ယနေ့နံနက် (၁၀)နာရီက စတင်၍ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ထိုသို့ခုတ်ထွင်ရှင်းလင်းရာတွင် ပဲခူးမြစ်လမ်းတစ်လျှောက်မှ စတင်၍ ပုဏ္ဏမီလမ်းနှင့်အခြား လျှပ်စစ်ဓာတ်အားကြိုးနှင့် မလွတ်ကင်းသော လမ်းများရှိ သစ်ပင်သစ်ကိုင်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ကြိုးများ ပေါ်သို့ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းမရှိစေရေး၊ သစ်ပင် သစ်ကိုင်းများပေါ်သို့ လျှပ်စစ် ဓာတ်အားကြိုးများညွတ်ကျခြင်းမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ပြည်သူများ စိတ်အေးချမ်းပြီးအန္တရာယ် ကင်းစွာ နေထိုင်နိုင်ရေး ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)