အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)အစီအစဉ်ဖြင့် ပြည်မြို့နယ် သစ်ချီတင် ကျေးရွာတွင် လျှပ်စစ်မီးစတင်ရရှိပြီဖြစ်

ပြည်  ဒီဇင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက စတင်၍ လျှပ်စစ်မီးစတင်ရရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကျေးရွာလျှပ်စစ်မီးရရှိရေးကို နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက် နေသော အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) (ကျေးလက် မီးလင်းရေး စီမံကိန်း) အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၉) နာရီကကျင်းပခဲ့ရာ ပြည်မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (NEP)အစီအစဉ်ဖြင့်  (၁၀၀)KVA ထရန်စဖော်မာ (၁) လုံးတပ်ဆင်ခဲ့ပြီး  (၁၁)KV လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက် ခဲ့ကြောင်း သိရပြီး ကျေးရွာနေပြည်သူများအနေဖြင့် နိူင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် မီတာတန်ဖိုးနှင့် (၄၀၀)KV လိုင်းကြိုးသွယ်တန်းမှုအတွက်သာကျခံရကြောင်းနှင့် လျှပ်စစ်မီး ရရှိ၍ အဆိုပါ ကျေးရွာရှိ အိမ်ခြေ(၁၀၀)ကျော်မှ ကျေးလက်နေပြည်သူများ ဝမ်းသာပျော်ရွှင်လျက် ရှိကြောင်း သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)