ကော့ကရိတ်မြို့ အုန်းတပင်ကျေးရွာတွင် သွား/လာရေး အဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းခြင်း​ဆောင်ရွက်

​ကော့ကရိတ် ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့က​ရိတ်​မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထု ဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ​ကော့ကရိတ်မြို့နယ် ကျုံဒိုး​ချောင်းဖျား​ကျေးရွာအုပ်စု အုန်းတပင်​ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ တတိယအပတ် မှစတင်၍ ​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ လမ်းသည်အရှည်​ပေ ၈၇၀ × အကျယ်​ပေ ၁၂ × အထူ ၆ လက်မရှိပြီး စီမံကိန်းရန်ပုံ​ငွေကျပ် (၁၃၇) သိန်းဖြင့် လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက်နည်းပညာမှူး ဦးရဲနိုင်ထွန်း၊ လူထုစည်းရုံး​ရေးမှူး ဦးစောထေးရီတို့မှ အနီးကပ်ကြီးကြပ်မှု၊​ ကျေးရွာ​ကော်မတီဝင်များဦး​ဆောင်၍ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်းဖြစ်ပြီး ၁၀၀% ပြီးစီးပါက ​​ကျေးရွာမှ အိမ်ထောင်စု(၉၈)စု လူဦးရေ (၆၃၉)ဦးတို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး လုပ်ငန်းများ အတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာမည်ဖြစ်​​ကြောင်း​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန တာဝန်ခံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)