အင်းတော်မြို့နယ်တွင် ကုလားပဲစိုက်ခင်းအား ပိုးမွှားကျရောက်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

အင်းတော်  ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာနယ် မြေ အတွင်းရှိ မန်လည်ကျေးရွာ တောင်သူ ဦးအောင်ကျော်စိုး စိုက်ပျိုးထားသော ကုလားပဲ စိုက်ခင်း အား ပိုးမွှားကျရောက်မှု မရှိစေရန်အတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် အတွင်းရှိ ကုလားပဲစိုက်ခင်းနှင့် အခြားသီးနှံစိုက်ခင်းများအတွင်း ဓာတုသုံးစွဲမှု လျော့ချ နိုင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနိုင်ရေး၊  သဘာဝပိုးသတ် ဆေးနှင့် သဘာဝမြေဩဇာများကို ဒေသခံတောင်သူများ ကိုယ်တိုင်ပြုလုပ်တတ်စေရေး၊  မိုးစပါး ရိတ်သိမ်းပြီး လယ်မြေများအတွင်းတွင် လယ်သီးထပ် စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုး နိုင်ရေး၊ ဆောင်းသီးနှံလျာထားချက်များ ပြည့်မှီစွာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက သက်ဆိုင်ရာနည်းပညာပေးစင်တာနယ်မြေအလိုက် ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများ အတွင်းတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးတက်လာ အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိတို့ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ စိုက်ပျိုးထားရှိသော စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းရေးအတွက် စိုက်ပျိုး ရေးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာနိုင်ရန် သက်ဆိုင်ရာနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)