ညောင်လေးပင် ဒီဇင်ဘာ ၂၃
ယမန်နေ့နံနက်ပိုင်းက AgRDT ဖြင့် (၁၄၁) ဦးအား စစ်ဆေးရာ လေးဦးမှာပိုးတွေ့ရှိပြီး ညောင်လေးပင်မြို့ ကမ္ဘာဇဘဏ်မှ ကိုဗစ်ပိုးတွေ့ဘဏ်ဝန်ထမ်းအမျိုးသမီးနှင့်ထိတွေ့သူ အမျိုးသမီးသုံးဦးနှင့် ဖအောင်းကျေးရွာမှ အနံ့မရ၍ လာရောက်ပြသသူ အမျိုးသားတစ်ဦးတို့မှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ဖအောင်းကျေးရွာမှ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ အမျိုးသားအား ညောင်လေးပင် ဆေးရုံ၌ လည်းကောင်း၊ အမျိုးသမီးသုံးဦးအား တိုင်းရင်းဆေးရုံ၌လည်းကောင်း ကျန်းမာရေး စောင့်ရှောက်ကုသမှုပေးထားသည်။
ပိုးတွေ့ရှိသူများနှင့် ထိတွေ့သူများကို Quarantine Centre သို့ NLP Volunteer အဖွဲ့မှ စနစ်တကျ ပို့ဆောင် ကူညီပေးလျက်ရှိပြီး ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉အတည်ပြု လူနာ (၁၉၃)ဦး အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)