ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်ဖြူ    ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် အပြင်သွားလာရာတွင် နှာခေါင်းစည်း(Mask)နှင့် Face Sheild များ မဖြစ်မနေ တပ်ဆင်သွားလာ တတ်သည့် အလေ့အကျင့်များရရှိစေရန်အတွက်  မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့အဝင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအနီးတွင် စုရပ်ပြုလုပ်၍ Mask Campaign အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မရှိစေရေးအတွက် မြို့တွင်းဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ ၊ ကုန်တင်ယာဉ်ကြီးများ ၊ သုံးဘီး ဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များကို ရပ်တန့်စေပြီး ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသော ခရီးသွားပြည်သူများနှင့် ဒေသခံပြည် သူများအား ကိုဗစ် -၁၉ ရောဂါမဖြစ်ပွားစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသော ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းမပါသူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခြင်းနှင့် အပြင်သွားလာမည်ဆိုပါက မဖြစ်မနေ နှာခေါင်းစည်း ၊ Face Sheild များ စနစ်တကျ တပ်ဆင်ပြီးမှသာ အပြင်သွားလာကြရန် ၊ လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာစီ နေထိုင်ကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာနည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရ သည်။

အဆိုပါ Mask Campaign အသိပညာပေးလုပ်ငန်းကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့ နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)