လသာ ဒီဇင်ဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အ.ထ.က(၁) Quarantine Center တွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအတွက် We Love Yangon လူထုအခြေပြုပရဟိတအသင်းမှ အခြေခံစားသောက်ဖွယ်ရာများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
လသာမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား We Love Yangon လူထုအခြေပြု ပရဟိတအသင်းမှ အခြေခံစားသောက်ဖွယ်ရာများဖြစ်သည့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲ ခြောက်၊ ကော်ဖီမစ်၊ SunlifeORS (Eletrolyte Powder) စသည့် ပစ္စည်း(၆)မျိုးကို လာရောက် လှူဒါန်းခဲ့ရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦး၀ဏ္ဏရှိန်မှလက်ခံခဲ့ပြီး We Love Yangon လူထုအခြေပြု ပရဟိတအသင်းအတွက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်မှ ရန်ကုန်တိုင်းဒေသ ကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ်ပြက္ခဒိန်အား မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မေသူ(ပြန်/ဆက်)