အလုံ ဒီဇင်ဘာ ၂၃
အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာတင်ယာဉ်တွင် လိုအပ်လျက်ရှိသည့် လူနာတင်ခွဲကတ် ဝယ်ယူရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံဝေဂလူမှုကူညီရေး အသင်းသို့ ယမန်နေ့က အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ကွယ်လွန်သူမိဘနှစ်ပါးအား အမှူးထား၍ မောင်ဖြစ်သူ မောင်ဝင်းအောင်ထွန်း၊ မောင်ရွှေသွေး(ခေါ်)မောင်သက်လွင်ထွန်းတို့အား ရည်စူး၍ အလှူရှင် အမှတ်(၆၁)ဧရာဝတီလမ်းနေ ဒေါ်နုနုဝေမိသားစုမှ အလှူငွေကျပ်(၂)သိန်းကို ပေးအပ် လှူဒါန်း ခဲ့ရာ သံဝေဂလူမှု ကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးခင်ဇော်လတ်နှင့် အဖွဲ့ဝင်များက လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို