မြို့သစ် ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုလင်းကြီးကျေးရွာအုပ်စု ပေပင်ရိုး ကျေးရွာရှိ ပေပင်ရိုးကန်အား နွေစပါး မိုးစပါးအတွက် လယ်များအောင်ရရရှိရေး ပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
"ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ကန်ကတော့ ပေပင်ရိုးကျေးရွာက ပေပင်ရိုးကန် ဖြစ်ပါ တယ် ဆောင်ရွက်မှု အမျိုးအစားက (၂)မျိုးရှိပါတယ် မြေသားတာဘောင်ဖို့ခြင်း လုပ်ငန်းကိုတော့ ငွေ အိမ်စည် ကုမ္မဏီကနေ တာဝန်ယူဆောင်ရွက်ပါတယ် ကျောက်စီ ၊ ပန်းရံလုပ်ငန်းကတော့ ကျွန်တော် တို့ဌာနက လုပ်ဆောင်ပေးပါတယ် ရေထုတ်ပြွန်နှင့် ရေပိုလွှဲပါတယ် လယ်ဧက (၂၀၀) ကျော်ခန့် လယ်ရေသောက်ဖို့ အောင်ရေအပြည့်အ ဝပေးနိုင်မှာဖြစ်ပြီး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ သန်း(၅၀) ဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်"ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအ ရာရှိ ဦးအောင်ဇော်ထက်ကပြောသည်။
"ဆည်မြောင်းဦးစီးဌာနက ကန်ကိုမွန်းမံပြင်ဆင်ပေးနေပါတယ် ဒီကန်ကြီး ကောင်းမွန်သွားပြီ ဆိုရင်ကန်ရဲ့ အောက်ပိုင်းမှာရှိတဲ့ စပါးဧက(၂၀၀)ကျော်ကို ရေလုံလုံလောက်လောက်ပေးဝေ အကျိုးပြု နိုင်မှာဖြစ်ပါတယ် ဒါကြောင့် ကျေးရွာက ပြည်သူလူထုတွေက အထူးပင်ကျေးဇူး တင် နေပါတယ်" လို့ ပုလင်းလင်းကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။
အဆိုပါပေပင်ရိုးကျေးရွာ ရွာဦးကန်ကို လယ်စိုက်ပျိုးရေရရှိရေးပြန်လည်ပြုပြင်တည်ဆောက် ခြင်းကို မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ (၂၀၂၀) ဒီဇင်ဘာလ ပထမအပါတ်မှ စတင်လုပ် ဆောင်ခဲ့တာ ဖြစ်ပြီး ကျေးလက်နေပြည်သူအများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေပင်ရိုး ကျေးရွာ ပေပင်ရိုး ကန်၏ ရေဝပ်ဧရိယာမှာ(၅)စတုရန်းမိုင်ရှိပြီး ၊ ကန်ဘောင်အမြင့်(၁၅)ပေ ကန်ဘောင်၏ အလျား (၁၂၀၀)ပေ ၊တာဘောင်အကျယ်မှာ(၁၄)ပေ၊ တာဘောင်အမျိုးအစားမှာ မြေသားတာဘောင် အမျိုးအ စားဖြစ်ပြီး ရေထုတ်ပြွန်နှင့်ရေပိုလွှဲအား ကျောက်စီ ၊ ပန်းရံဖြင့် ဆောင်ရွက်လုပ်ကိုင်သည့် တည် ဆောက်ရေးလုပ်ငန်းဖြစ်ကာ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ သန်း (၅၀)ဖြင့် လုပ်ဆောင်ခဲ့ပြီး ပေပင် ရိုးကျေးရွာနေ တောင်သူများအတွက် နွေစပါး ဧက (၂၀၀) မိုးစပါးဧက (၂၀၀)ခန့် စိုက်ပျိုးရေ ပေးဝေ နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)