စလင်းမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများအား မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

စလင်း ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များနှင့် အညီ စလင်းမြို့နယ်အတွင်းရှိ ရေရှားပါးပြတ်လပ်လျှက်ရှိသည့် မကျီးဖျားကျေးရွာအုပ်စု၊ မြင်းခင်းသာကျေးရွာသို့ ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စလင်းမြို့နယ်တွင် ကျေးရွာပေါင်း (၄၂၀)ရှိသည့်အနက် သောက်သုံးရေအခက်အခဲ  ရှိသည့် ကျေးရွာဖြစ်သည့် မကျီးဖျားကျေးရွာအုပ်စု၊ မြင်းခင်းသာကျေးရွာရှိ အိမ်ခြေ ၅၂ အိမ်၊ အိမ်ထောင်စုပေါင်း(၅၇)စုနှင့် လူဦးရေ (၂၂၅)ဦးတို့အတွက် သောက်သုံးရေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသက်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟိန်းဆက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦး စီးမှူးဦးဝင်းဗိုလ်၊ ဆင်ဖြူကျွန်းမြို့နယ်မီးသတ်စခန်းတာဝန်ခံလက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့က မြင်းခင်းသာကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေဂါလံ ၆၄၀၀ကိုသွားရောက် လှူဒါန်းခဲ့ကြောင်းမီးသတ်ဦးစီးဌာနမှသိရှိရသည်။

မောင်လွင်(ပြန်/ဆက်)