စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ပထမဆုံးတွေ့ရှိ

ခါမ်းပါတ် ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်၂၇နှစ်အရွယ်အမျိုးသားတစ်ဦးCovid-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့အုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် ခါမ်းပါတ်မြို့ပြည်သူ့ဆေးရုံမှ အထွေထွေလုပ်သားတစ်ဦးဖြစ်ပြီး နှာစေး ချောင်းဆိုး၍ နေမကောင်းသဖြင့် Covid-19 antigen(RDT) test ဖြင့် စစ်ဆေးရာ Covid-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သည့်ကျန်းမာရေး၀န်ထမ်းများအား ဆေးရုံ ၀န်ထမ်း တန်းလျားတွင် သီးသန့်ထားရှိမည်ဖြစ်ပြီး ၄င်း၏ မိသားစု၀င်များကိုမူလွန် ၊ကနန် (၂) Quarantine center တွင်သီးသန့်ထားရှိသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

အောင်နိုင်၀င်း(ပြန်/ဆက်)