အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် စားသောက်ကုန်များအား Mobile စျေးကားများဖြင့် လာရောက်ရောင်းချ

အလုံ    ဒီဇင်ဘာ ၂၃

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့်  စားသောက်ကုန်များကို ဝယ်ယူစား သုံးနိုင်ရေးအတွက် ဈေးရောင်းကား(၈)စီးဖြင့် ယမန်နေ့ နံနက်(၇)နာရီက စတင်ကာ လာရောက် ရောင်းချခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ပူးပေါင်း၍ အလုံ မြို့နယ် အတွင်း နေထိုင်သော ပြည်သူများ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်းကား (၈)စီးဖြင့်  သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ ၊ဆီ နှင့် အခြားစားသောက်ကုန်များ ရောင်းချပေးခဲ့သည်။

အဆိုပါ Mobile စျေးကား(၈)စီးဖြင့် ကွင်းကျောင်းလမ်းမပေါ်တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး စနစ်တကျ ဈေးရောင်း ချနိုင်ရေးအတွက် အလုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရပါသည်။

 တင်တင်ချို (အလုံ)