ရန်ကုန် ဒီဇင်ဘာ ၂၃
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၄)သောင်း ထောက်ပံ့ပေးရာ၌ မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အမှန်တကယ် ရရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်နှင့် ကျောက်မြောင်း အရှေ့ရပ် ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများအား တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး အတွက် အဓိကထားစစ်ဆေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)