သနပ်ပင်မြို့နယ်တွင် RDT Tast kit ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့လူနာ (၃)ဦး ထပ်မံတွေ့ရှိ

သနပ်ပင်၊  ဒီဇင်ဘာ ၂၃



ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်တွင်ကားဆရာ(၅၇)ဦး၊ ပိုးတွေ့လူနာနှင့် ထိစပ်သူ (၃၆)ဦး စုစုပေါင်း (၉၃) ဦးအား  ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွှဲပိုင်းက သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက   ကိုဗစ် ၁၉ရောဂါ ပိုး ရှိ/မရှိ    နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များယူ၍ RDTTast Kit ဖြင့်စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးခဲ့ရာတွင်  အဆိုပါ (၉၃)ဦးအနက်  သနပ်ပင်မြို့နယ်  အောက်စုရပ်ပိုင််းကွက် ပိုးတွေ့လူနာ အမျိုးသမီးနှင့် ထိစပ်သူအမျိုး သား()ဦး၊ အမျိုးသမီး()ဦး စုစုပေါင်််း()ဦးကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး  ၎င်း အတည်ပြုပိုးတွေ့လူနာများကို  မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်နှင့် အထက(သနပ်ပင်) ယာယီကုသရေးစင်တာများ၌ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက် မှုများ    ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းမြိူ့နယ်ကျန်းမာရေးဦးစီးဌာနကသိရှိရသည်။

သနပ်ပင်မြို့နယ်တွင်  ယာယီကုသရေးစင်တာ () ခု၊ စောင့်ကြည့်ရေးစခန်း() ခုရှိပြီး အထက စောင့်ကြည့်ရေးစခန်း၊ မိုးလုံလေလုံစောင့်ကြည့်ရေးစခန်း၊ မင်းရွာစောင့်ကြည့်ရေးစခန်း  ကမာစဲ စောင့်ကြည့်ရေးစခန်း တို့တွင်  Quarantine ထားရှိသူ (၂၇၂)ဦးရှိပြီး လက်ရှိအချိန်ထိ သနပ်ပင်မြို့ နယ်တွင်ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာ  (၁၄၂) ဦးရှိကာ  ပြန်လည်သက်သာ၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၁၁၇ )ဦးရှိ၍ကျန်ရှိသောပိုးတွေ့လူနာ(၂၅ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။


လှမိုး(သနပ်ပင်)