ပေါင်းတည်မြို့နယ်တွင် PPE အသုံးပြုနည်း သင်တန်းပို့ချ

ပေါင်းတည် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နဝရတ်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ က PPE ဝတ်စုံအသုံးပြုနည်း သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်ပြောကြားသည်။ သင်တန်းတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ ဦးတင်ကိုကိုအေးက PPE ဝတ်စုံအသုံးပြုနည်း လက်တွေ့ဝတ်ဆင်သရုပ်ပြသခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသားများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့သည်။ သင်တန်းကာလမှာ တစ်ရက်တာကြာမြင့်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် မြို့ပေါ် ၁၂ ရပ်ကွက်မှ စိတ်ပါဝင်စားသူများကို သင်တန်းဆက်လက် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးခိုင်(ပြန်/ ဆက်)