ဘောဂလိ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဖူးလားခရီးလမ်း အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယအပတ်တွင် စတင် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရှိရသည်။
ဖူးလားခရီးလမ်းသည် ဘောဂလိအထကကျောင်းသွားရာလမ်း ဖြစ်ပြီး ယခင်က မြေသားလမ်းဖြစ်၍ ယခုကွန်ကရစ်လမ်း ခင်းခြင်းကြောင့် သွားလာရ ပိုမိုအဆင်ပြေ လွယ်ကူကြောင်း ဒေသခံတစ်ဉီး ပြောပြချက်အရ သိရှိရသည်။အဆိုပါ လမ်းသည် သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီရေးအတွက် မြို့စည်ပင်သာယာရေး အဖွဲ့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အရှည်(၂၈၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မ နှင့် ခွင့်ပြုရန်ပုံငွေ (၇.၆၆၅) သန်း ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)