ကော့ကရိတ် ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည် ဖော်ဆောင် ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယ နှစ်စက်ဝန်းတွင် ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျားကျေးရွာ အုပ်စု အုန်းတပင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၀ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါလမ်းသည်အရှည်၈၇၀ပေ၊ အကျယ် ၁၂ပေ၊ အထူ၆လက်မ လက်မရှိပြီး စီမံကိန်းရန်ပုံငွေကျပ် (၁၃၇)သိန်း ဖြင့် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးရဲနိုင်ထွန်း၊ လူထုစည်းရုံးရေးမှူးဦး စောထေးရီတို့မှ အနီးကပ ကြီးကြပ်မှု၊ကျေးရွာကော်မတီဝင်များဦးဆောင်၍ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀%ပြီးစီးပါက ကျေးရွာမှ အိမ်ထောင်စု(၉၈)စု လူဦးရေ (၆၃၉)ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေ လာမည်ဖြစ်ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ခံမှသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)