ဒိုက်ဦး ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာ နှင့်ရွှေအင်ဒုံကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင ဒီဇင်ဘာလ၂၃ ရက်နေ့ကကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်နှင့်ဦးသူရဇော်တို့က အဖွင့်အမှာ စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချိုချိုအေး ၊စီမံကိန်းတာ၀န်ခံဦးကျော်ပိုင်ဖြိုးတို့မှ(VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကျပ်သိန်း(၁၀၀) လုပ်ငန်းနှင့်ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချပြရှင်းလင်းပြောကြားကာကော်မတီဖွဲ့စည်းခြင်း၊အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းမိတ်ဆက်ခြင်းနှင့်ကျေးရွာကော်မတီရွေးချယ်ခြင်းအားဆောင်ရွက်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဒိုက်ဦးမြို့နယ်အတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၂)ရွာရှိပြီးကျေးရွာတွင် မည်သည့်လုပ်ငန်း လုပ်ကိုင်သည်ဖြစ်စေအဖွဲ့စုံစုံလင်လင်ဖြင့် ဆောင်ရွက်တတ်စေရန်၊ နှစ်အလိုက်ဆောင်ရွက်မည့်လုပ်ငန်းများ အတွက်ရံပုံငွေများလျာထားနိုင်စေရန်၊ဋ္ဌာနအသီးသီး၏ဖွံ့ဖြိုးရေးလုပ်ငန်းတွေနှင့်ကျေးရွာ
ဖွံ့ဖြိုးရေးလုပ်ငန်းများချိတ်ဆက်လုပ်ကိုင်နိုင်စေရန်အတွက်အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)