ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄၈)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  ဒီဇင်ဘာ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (တတိယနှစ်စက်ဝန်း) အတွင်း နောင်ဘိုကြီးကျေးရွာ၌ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် လူထုဗဟိုပြုစီမံကိန်းထောက်ပံငွေကျပ် (၄၈၅)သိန်းဖြင့်(အရှည် ၂၇၀၀ပေ၊ အကျယ်၁၂ပေ ၊ ထု ၆ လက်မ)ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ (၁၁) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လူထုဗဟိုပြု စီမံကိန်းမှ တာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ(၄၈)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း (၁၀၀)ရာခိုင်နှုန်း ပြီးစီးပါက ​​နောင်ဘိုကြီးကျေးရွာမှ အိမ်​ထောင်စု(၈၁၃)စု လူဦး​ရေ (၄၄၃၀)ဦး တို့၏ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ် ငန်းများအတွက် သွား/လာ​ရေး လွယ်ကူအဆင်​ပြေလာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)