လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပင်စင်လစာများထုတ်ပေးနေ

ရန်ကုန်  ဒီဇင်ဘာ    ၂၄

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ် အ တွင်းရှိ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများကို ဒီဇင်ဘာလ(၂၁)ရက်နေ့ကစတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ရပ်ကွက်များမှပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ချိုချိုမြင့်က “အငြိမ်းစားပင်စင်လစာကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်း ညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ် စေရေး အတွက်ရပ်ကွက်များမှ ပင်စင်စားမိဘ ပြည်သူ များအားသတ်မှတ်ရက်များအလိုက် ထုတ်ပေး ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာ ရောက်မထုတ်ယူနိုင်သော ပင်စင်စား မိဘ ပြည်သူများအား ဒီဇင်ဘာလ(၂၅)ရက်နေ့ နောက်ပိုင်း ရုံးချိန်များအတွင်း ဆက်လက် ထုတ်ပေးသွား မည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာများကို ဒီဇင်ဘာလ (၂၁) ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ဘဏ်အတွင်းသို့ မဝင်မီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှသာဝင်ရောက်စေခြင်း နှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင် စေရေး အတွက် စနစ်တကျမျဉ်းများ သတ်မှတ်ကာ ထိုင်ခုံများချထား ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ကြည်ဇေသော် (ပြန်/ဆက်)