လက်ပံတန်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦအေးကိုနှင့် အဖွဲ့ဝင်များ နိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဟေမာမျိုးသိန်းက ရွေးကောကပွဲလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံ ရေးပါတီများကိုယ်စားလှယ်များက မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာနိုင်ရေး၊ ပါတီကိုယ်စားလှယ်များစည်းရုံးရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လုံခြုံရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)