(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အင်းစိန်မြို့နယ် သတင်းစာဆရာ အသင်းက စာအုပ်များလှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၂၄

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အင်းစိန်မြို့နယ် သတင်းစာဆရာအသင်းက စာအုပ်များလှူဒါန်းသည့် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကိုဗစ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လှူဒါန်း ခဲ့သည်။

လှူဒါန်းရာတွင် အလှူရှင် အင်းစိန်မြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က ကိုယ်တိုင်ရေးသား ထုတ်ဝေထားသည့် “ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် စိတ်ကြိုက်ဘာသာရေးဆောင်းပါးများ စာအုပ် တန်ဖိုး ငွေ ကျပ်နှစ်သိန်းရှိ စုစုပေါင်း စာအုပ် (၁၀၀)အုပ်ကို ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း မြို့နယ် (၉) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် စာပေ ဒါန ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

လှူဒါန်းသော စာအုပ်များကို ပြန်/ဆက် ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်က လက်ခံရယူ၍ ကျေးဇူးတင်စကားနှင့်အတူ မြို့နယ်စာကြည့်တိုက်များသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆုလှိုင်