လက်ပံတန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပြီး

လက်ပံတန်း ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းကို အဆိုပါ ဦးစီးဌာနရုံး၌ ဖွင့်လှစ်ပြီးကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေစီးကျေးရွာနှင့် ညောင်ကုန်းကျေးရွာမှ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် မြစိမ်းရောင်ကျေး ရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ရန်ပုံငွေ စီမံခန့်ခွဲမှုနည်းပညာများ၊ ငွေစာရင်းဇယား ဖြည့်စွက်ရေးသွင်းနည်းများ၊ စီမံကိန်း လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများ၊ ကော်မတီဝင် များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်စိုး၊ ဦးစီးအရာရှိ ဒေါ်အေးအေးလှိုင်တို့က စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြသည်။

သင်တန်းကို ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး