ထန်းတပင်၌ မီးဘေးအန္တရာယ်ကင်းဝေးရေး မီးသတ်ကားဖြင့်အသိပေးနှိုးဆော်

ထန်းတပင်(ရန်ကုန်)  ဒီဇင်ဘာလ ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေ ရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို မြို့နယ်အတွင်း အပတ်စဉ် မီးသတ်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

မီးသတ်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်လည်း မြို့နယ် မီးသတ် ဦးစီး ဌာန လက်ထောက်ဦးစီးမှူး ဦးအုန်းဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ (၂၂) ညပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများတလျှောက် မီးဘေးအန္တရာယ်ကင်းဝေးစေရေးသတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအားအသိပညာပေးနှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအားသတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင် စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ် သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိရေအိုး၊ ရေစည် များကိုရေဖြည့်ထားရှိရန်နှင့်အမှိုက်များ မီးရှို့ လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို မြို့ပေါ်ရပ်ကွက် လမ်းများ တလျှောက် မီးသတ်ကားဖြင့်လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်း ကို မြို့နယ် မီးသတ် တပ်ဖွဲ့ ဝင်များကလိုက်လံဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)