ကလေး ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ခုံသာကျေးရွာတွင် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့်စိုက်ပျိုးသည့် ဆင်းသုခ မျိုးစေ့ ထုတ်စိုက်ကွက်ကို Kubota စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်သူဦးအောင်မြင့်ဌေး၏ ဆင်းသုခစိုက်ကွက်(၅)ဧက အားရိတ် သိမ်းကြရာ တက်ရောက်လာကြသည့် တာဝန်ရှိသူများက စံနှုန်းများတိုင်းတာခြင်း၊ ရိတ်သိမ်း ချွေလေ့ထားသော စပါးများ၏အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက် ခဲ့ကြရာ ဆင်းသုခ မျိုးစေ့ထုတ် တစ်ဧကလျင် တင်း (၉၀) ထွက်ရှိကြောင်း သိရသည်။
ဆင်းသုခ မျိုးစေ့ထုတ်စိုက်ကွက်အား Kubota စပါးရိတ်သိမ်းခြွေလှေ့ရာနေရာသို့ ကလေးခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင် ဦးစီးမှူးဦးလှဌေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမင်းလှ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးမှူး ဦးဇော်ဇော်အောင် နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မျိုးစေ့ထုတ် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ထန်းဖုန်(ပြန်/ဆက်)