ဒေါပုံမြို့နယ်၏ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် Participatory Budget ဦးစားပေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

ဒေါပုံ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၏ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် Participatory Budge ဦးစားပေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်တို့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ထည့်သွင်းရန် သင့်/မသင့် စဉ်းစားရန် စသည့်ကိစ္စရပ်များ၊ ရေစီးရေလာနှင့် ပတ်သက်၍ ပင်မမြောင်းကို အဓိကထား၍ ဆောင်ရွက်ရန်၊ မြစ်ထွက်ပေါက်များကို ဦးစားပေး ဆောင်ရွက်ရန်ကိစ္စများအား အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ် စီမံကိန်းဦးစီးမှူး ဒေါ်တင်မိုးမိုးအေးက မြို့နယ်အတွင်းတွင် ဆောင်ရွက်မည့် လုပ်ငန်းများအားလုံးထဲမှ ဦးစားပေးလုပ်ငန်းအခု(၂၀)အား အဓိကဆောင်ရွက်ပေးရန် ကိစ္စရပ် များအား ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသော မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးက နိဂုံးချုပ်အနေဖြင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် Participatory Budget ဦးစားပေး လုပ်ငန်းများကို ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)