လှည်းကူး ဒီဇင်ဘာ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ပင်စင်စားများ ပင်စင်ထုတ်ယူရာတွင် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ယနေ့ နံနက်(၈)နာရီက ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ခရိုင်တပ်ဖွဲ့မှူး ဦးနေဆန်း(ဥက္ကဋ္ဌ)နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလအတွင်း လူစုလူဝေးမဖြစ်စေရန်အတွက် ပင်စင်လာရောက် ထုတ်ယူ သည့် ပင်စင်စားများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး(၆)ပေခွာတန်းစီစေပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစစ်ဆေးမှုအနေဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်းများ၊ လက်သန့် ဆေးရည်များဖြင့် လက်များကိုဆေးကြောသန့်စင်စေခြင်း၊ နှာခေါင်းစည်း(Mask) များတပ်ဆင် စေခြင်းနှင့် သက်ကြီးရွယ်အိုပင်စင်စားများနှင့် မသန်စွမ်းပင်စင်စားများအတွက် အားဆေးများ အဖြစ် ရယ်ဘီကွန်၊ ရီဗိုက်တာ၊ ဒီဂျရောငုံဆေးပြား၊ ဒီကိုလ်ဂျင်ကဒ်များ၊ နှာခေါင်းစည်း (Mask)များ၊ BPI ဓာတ်ဆားထုပ်များကိုလည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အခမဲ့လှူဒါန်း ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)