မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၀ ပြည့်နှစ် Online Basic Skill ပြိုင်ပွဲ မြို့နယ်အဆင့် ဆုပေးပွဲ ကျင်းပ

ချောင်းဆုံ ဒီဇင်ဘာ ၂၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အားကစားရုံတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီ က မွန်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် Online Basic Skill ပြိုင်ပွဲ မြို့နယ်အဆင့် ဆုပေးပွဲကျင်းပကြောင်း သိရသည်။

အဆိုပါ မြို့နယ် Online Basic Skill ပြိုင်ပွဲတွင် အမျိုးသား ပထမဆု ရရှိသည့် မောင်ထက် လင်းအောင်၊ ဒုတိယဆု ရရှိသည့် မောင်ကောင်းစည်သူ၊ တတိယဆု ရရှိသည့် မောင်အောင် ကျော်သန်း၊ အမျိုးသမီး ပထမဆု ရရှိသည့် မနှင်းမန္ဒီဝင်း၊ ဒုတိယ ဆု ရရှိသည့် မအေးအေး ထွေး၊ တတိယဆုရရှိသည့် မသန္တာအေးတို့အား မြို့နယ်အား/ကာမှူး ဦးစောမင်း ထူးအောင်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့် တို့က ဆုများချီးမြှင့်ပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို မွန်ပြည်နယ် (၁၀) မြို့နယ် (Online football  Basic Skill)  ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)